အရိုးဆရာဝန်
15-Feb-2018ကျွန်ုပ် ယခုငှားနေတဲ့အိမ်က အရင်က အရိုးအထူးကုဆရာဝန်နေပြီး အရိုးအထူးကုဆေးခန်းဖွင့်ခဲ့ဘူးတယ် ။
ဒါ့ကြောင့် အရိုးကျိုးတဲ့သူတွေရောက်ရောက်လာတတ်ပါတယ် ။
ကိုယ်တွေက အရိုးအထူးကုဆရာဝန် မဟုတ်လို့ သက်ဆိုင်တဲ့ဆရာဝန်ဆီ ညွှန်းပို့လိုက်တာပါပဲ ။
ဒီနေ့လူနာတစ်ယောက် လာတယ် ။ အရိုးဆရာဝန်နဲ့ပြချင်လို့ ဆိုတယ် ။ သူတို့ အားလုံး သုံးယောက် ။ အားလုံးက အရိုးကျိုးလာတဲ့ပုံစံ မဟုတ် ။
ဒါနဲ့ အရိုးဆရာဝန်နဲ့ ဘာဖြစ်လာလို့ပြချင်တာလည်းဆိုတော့ -
ကန်တော့ပါဆရာဆိုပြီး လူနာက
ကျွန်တော့်ကျဉ်ချောင််း ( penis )
ကျိုးသွားလို့ပါတဲ့ ။
အဲလိုပါဆို ---
{ ကျဉ်ချောင်း (penis ) မှာ အရိုးမပါတာ လူနာက သိမှမသိရှာတာ } ပါးပါးလေးပဲ လွဲတာပါ ။
Credit : Aye Ko Ko